မင်္ဂလာပါခင်ဗျား..။ ဒီနေရာဟာ လိပ်ခေါင်းရောဂါ အကြောင်း ဗဟုသုတ မျှဝေရာ ဘလော့လေးပါ။ မိမိတို့အတွေ့အကြုံကို လာရောက်လည်ပတ်သူတွေ ဗဟုသုတရစေဖို့ မျှဝေချင်တယ်ဆိုရင် ..... ( koshweleik@gmail.com ) သို့ စာရေးသားပေးပို့နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်.။

မိတ်ဆွေ ...

မိတ်ဆွေ ...
သင်ဟာ .. အထိုင်များတဲ့သူ၊ ဟင်းသီးဟင်းရွက်ထက် အသားငါးကို အစားများတဲ့သူ၊ အစာကြမ်းထက် အစာနုကို အစားများတဲ့သူ၊ ဝမ်းချုပ်တတ်သူ၊ အိမ်သာတက်လျှင် အချိန်ကြာတတ်သူ၊ ကိုယ်လက်လှူပ်ရှားမှူ အားကစားနည်းသူ ဆိုရင်တော့ ...
မိတ်ဆွေမှာ လိပ်ခေါင်းရောဂါဖြစ်နိုင်ခြေ ရာနှူန်းပြည့်ရှိနေပါပြီ။
မိတ်ဆွေရဲ့ ဘဝ နေထိုင်စားသောက်မှူပုံစံကို မပြောင်းဘူးဆိုရင်တော့ ...
မကြာခင် လိပ်ခေါင်းရောဂါ ဖြစ်ပါတော့မယ်...
မိတ်ဆွေ ဒါတွေကို သင်သိပါရဲ့လား ...

ဘာ့ကြောင့်ဖြစ်တာလဲ

ဝမ်းသွားချိန် ပုံမမှန်တဲ့အခါ၊ ဝမ်းချုပ်နေစဉ်မှာ အတင်းဖြစ်ညှစ်ပြီး ဝမ်းသွားဖို့ ကြိုးစားတဲ့ အခါမှာ လိပ်ခေါင်းဖြစ်ပေါ်လာတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်ဝန်ဆောင်မိခင်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ကြီးထွားလာတဲ့ သန္ဒေသားက အစားဟောင်းအိမ်ကို အပေါ်ကနေ ဖိနှိပ်မိပြီး သွေးပြန်ကြောတွေ  ရောင်ရမ်းရာကနေ လိပ်ခေါင်းဖြစ်လာတတ်ပါတယ်။



လိပ်ခေါင်းရောဂါကို ဖြစ်စေတဲ့ အဓိက အချက်တွေကတော့  ....

၁-ဝမ်းချုပ်လေ့ရှိခြင်း

၂-အထိုင်များခြင်း၊

၃-ဖိုင်ဘာပါဝင်မှူနည်းသော အစာများကိုသာစားခြင်း၊

၄-အလေးအပင်မခြင်း၊

၅-အဝ လွန်ခြင်း၊

၆-စအိုမှာ အနာဖြစ်ခြင်း..

စသည်တို့ကြောင့် ဖြစ်နိုင်ပါတယ်။



ဖိုင်ဘာ(Dietary Fiber)ဆိုတာကတော့ ဟင်းသီးဟင်းရွက်တွင် ပါဝင်သော အစာခြေစနစ်ကို အထောက်အပံ့ပြုသော ခြေဖျက်လို့မရသည့် ချည်မျှင်ကိုဆိုလိုပါတယ်။ ဖိုင်ဘာဟာ အစာအိမ်လမ်းကြောင်းကို သန့်ရှင်းစေခြင်း၊ မလိုအပ်သော အဆီများကို စုပ်ယူခြင်း နဲ့ ဝမ်းသွားရန် လွယ်ကူစေခြင်း စသည်တို့ကို အထောက်အပံ့ဖြစ်စေပါတယ်။

လိပ်ခေါင်းရောဂါဟာ မျိုးရိုးလိုက်ခြင်း၊ ဝမ်းလျှောခြင်း နဲ့ အသက်အရွယ်ကြီးရင့်ခြင်း တို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။



ဝမ်းသွားစဉ် ..နာကျင်ခြင်း၊ ပူလောင်ခြင်း၊ သွေးပါခြင်း နဲ့ စအိုဝယားယံခြင်း တို့ဟာ လိပ်ခေါင်းရောဂါရဲ့ လက္ခဏာတွေပါပဲ။ ဒါမှ မဟုတ်.. ဝမ်းသွားပြီးချိန်မှာ စအိုဝမှာ အသားစလေး ပြူတစ်လစ်နဲ့ ထွက်နေပြီဆိုရင်တော့ .. အဲဒါဟာ လိပ်ခေါင်းစတင်တော့တာပါပဲ။