လိပ်ခေါင်းရောဂါက အတွင်းလိပ် နဲ့ အပြင်လိပ်ဆိုပြီး နှစ်မျိုးရှိပါတယ်။
အတွင်းလိပ်ခေါင်း (Internal Hemorrhoids)
အတွင်းလိပ်ခေါင်းဆိုတာကတော့ စအိုရဲ့ အတွင်းဘက်နံရံမှာ စူထွက်ရောင်ရမ်းလာတတ်တဲ့ သွေးပြန်ကြောတွေပါပဲ။ ပုံမှန်အားဖြင့် စအိုရဲ့အတွင်းဘက်နံရံမှာ တွဲခိုနေတတ်ပါတယ်။ ပုံ(၁)မှာ Internal Hemorrhoid ဆိုပြီး ပြထားပါတယ်။
အတွင်းလိပ်ခေါင်းကို သူ့ရဲ့အခြေအနေကို လိုက်ပြီး အဆင့်(၄)မျိုးခွဲခြားနိုင်ပါတယ်။
အဆင့်(၁) စအိုအတွင်းနံရံမှာ တွဲခိုနေပြီး အပြင်ကို လုံးဝထွက်မလာသေးတဲ့ အခြေအနေပါ။
အဆင့်(၂) ကျင်ကြီးစွန့်ချိန်မှာ အပြင်ကို ထွက်လာတတ်ပြီး စွန့်ပြီးချိန်မှာ သူ့အလို အလျောက် ပြန်ဝင်သွားတတ်ပါတယ်။
အဆင့်(၃) ကျင်ကြီးစွန့်ချိန်မှာ အပြင်ကို ထွက်လာတတ်ပြီး စွန့်ပြီးချိန်မှာ လက်နဲ့ဖိပြီး သွင်းမှ ပြန်ဝင်တတ်တဲ့ အမျိုးအစားပါ။
အဆင့်(၄) ကျင်ကြီးစွန့်ချိန်မှာ အပြင်ကို ထွက်လာတတ်ပြီး စွန့်ပြီးချိန်မှာ လက်နဲ့ဖိပြီး သွင်းသော်လည်း ပြန်မဝင်တော့တဲ့အမျိုးအစားပါ။
အတွင်းလိပ်ခေါင်းဖြစ်နေတာကို ပြတဲ့ လက္ခဏာတွေကတော့ ..
၁-စအိုဝ ယားယံခြင်း
၂-အချိန်ကြာကြာမထိုင်နိုင်ခြင်း
၃-အညစ်အကြေးစွန့်ချိန် နာကျင်ခြင်း
၄-အညစ်အကြေးစွန့်ချိန် နီရဲသောသွေးပါခြင်း
၅-အညစ်အကြေးစွန့်ချိန်မှာ အသားစထွက်လာခြင်း .. တို့ပါပဲ။
အပြင်လိပ်ခေါင်း (External Hemorrhoids)
အပြင်လိပ်ခေါင်းဆိုတာကတော့ စအိုဝမှာရှိတဲ့ သွေးပြန်ကြောတွေရောင်ရမ်းလာခြင်းပါပဲ။ ပုံ(၁)မှာ External Hemorrhoid ဆိုပြီးပြထားပါတယ်။ အပြင်လိပ်ကတော့ စအိုဝမှာ နှခမ်းရစ်လိုမျိုး စူးထွက်ရောင်ရမ်းလာခြင်းပါပဲ။ အတွင်းလိပ်လိုမျိုး အပြင်ကိုထွက်လာပြီဆိုရင် အတွင်းကို ပြန်သွင်းလို့ မရတတ်ပါဘူး။ ဖြစ်နေတာကိုက စအိုဝမှာ မိုလို့ပါ။
အပြင်လိပ်ခေါင်းဖြစ်နေတာကို ပြတဲ့ လက္ခဏာတွေကတော့ ...
၁-စအိုဝယားယံခြင်း
၂-အဝတ်အစား၊ရေချိုးစဉ် ဆပ်ပြာစသည်တို့ဖြင့် ထိတွေ့ချိန်တွင် နာကျင်ခြင်း
၃-အညစ်အကြေးစွန့်ချိန် နာကျင်ခြင်း
၄- အညစ်အကြေးစွန့်ချိန် နီရဲသောသွေးပါခြင်း
၅-အညစ်အကြေးစွန့်ပြီး သန့်စင်ပြီဆိုရင် စအိုဝ ဖုထွက်နေတာကြောင့် သာမန်အတိုင်းသန့်ရှင်းလို့ မရတော့တာ ပါပဲ။
အများအားဖြင့် လူဦးရေရဲ့ တစ်ဝက်လောက်က အသက် ၅၀ ကျော်လာပြီးဆိုရင် လိပ်ခေါင်းရောဂါ တစ်ခု မဟုတ် တစ်ခုတော့ ရှိနေတတ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ လူတွေက ပိုမိုနူညံ့ပြီး ဖိုင်ဘာ (Dietary Fiber-ဟင်းသီးဟင်းရွက်တွင် ပါဝင်သော အစာခြေစနစ်ကို အထောက်အပံ့ပြုသော ခြေဖျက်လို့မရသည့် ချည်မျှင်) ပါဝင်နှန်းနည်းတဲ့ အစားအသောက်တွေ စားသုံးလာတာကြောင့် ရယ်၊ အထိုင်များတဲ့ အလုပ်တွေကို လုပ်လာတာကြောင့်ရယ် ..အသက် ၃၀ ကျော် လူငယ်တွေမှာ လိပ်ခေါင်းရောဂါဖြစ်ပွားတာကို တွေ့လာရပါပြီ။
နောက်ထပ် သတိထားသင့်တဲ့ အချက်ကတော့ အညစ်အကြေးစွန့်စဉ် သွေးပါတာဟာ လိပ်ခေါင်းကြောင့် ဖြစ်တတ်သလို စအိုကင်ဆာကြောင့်လည်း ဖြစ်တတ်ပါတယ်။ သွေးဟာ မဲညစ်နေတယ် ဆိုရင်တော့ အစာအိမ်အနာကြောင့် ဖြစ်နိုင်ပြီး သွေးဟာ နီရဲနေတယ် ဆိုရင်တော့ လိပ်ခေါင်းရောဂါ သို့မဟုတ် စအိုကင်ဆာ ကြောင့် သွေးကြောတွေ ပေါက်ပြဲပြီး သွေးထွက်လာခြင်းပါ။
တကယ်လို့ မိမိက အထိုင်များတဲ့သူ၊ ဟင်းသီးဟင်းရွက်ထက် အသားငါးကို အစားများတဲ့သူ၊ ဝမ်းချုတ်တတ်သူ၊ ကိုယ်လက်လှူပ်ရှားမှူ အားကစားနည်းသူ ဆိုရင်တော့ လိပ်ခေါင်းကြောင့်ထွက်တဲ့ သွေးလို့ယူဆနိုင်ပါတယ်။ ဘယ်လိုကြောင့်ပဲ သွေးပါပါ နီးစပ်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြသလိုက်တာ အကောင်းဆုံးပါပဲ။
မိတ်ဆွေ ...
မိတ်ဆွေ ...
သင်ဟာ .. အထိုင်များတဲ့သူ၊ ဟင်းသီးဟင်းရွက်ထက် အသားငါးကို အစားများတဲ့သူ၊ အစာကြမ်းထက် အစာနုကို အစားများတဲ့သူ၊ ဝမ်းချုပ်တတ်သူ၊ အိမ်သာတက်လျှင် အချိန်ကြာတတ်သူ၊ ကိုယ်လက်လှူပ်ရှားမှူ အားကစားနည်းသူ ဆိုရင်တော့ ...
မိတ်ဆွေမှာ လိပ်ခေါင်းရောဂါဖြစ်နိုင်ခြေ ရာနှူန်းပြည့်ရှိနေပါပြီ။
မိတ်ဆွေရဲ့ ဘဝ နေထိုင်စားသောက်မှူပုံစံကို မပြောင်းဘူးဆိုရင်တော့ ...
မကြာခင် လိပ်ခေါင်းရောဂါ ဖြစ်ပါတော့မယ်...
မိတ်ဆွေ ဒါတွေကို သင်သိပါရဲ့လား ...
သောက်သင့်တဲ့ အရည်တွေထဲမှာ ဒုတိယက ဝိုင်အနီ ပါပဲ။ အနီရောင် စပျစ်သီးနဲ့ လုပ်ထားတဲ့ ဝိုင်အနီဟာ အိုမင်းရင့်ရော်မှူကို နှေးကွေးစေတယ်။ ရုပ်တရက် နှစ်လုံးခုန်ရပ်ခြင်းမှ ကာကွယ်တယ်။ နောက်ပြီး ဝိုင်အနီက သွေးတိုးနှူန်းကိုကျစေတယ် သွေးတွင်းအဆီကို ကျစေတယ် ကမ္ဘာ့ကျန်းမာရေးအဖွဲက ဆေးလိပ်ဖြတ်အရက်လျှော့လိုပဲဆိုပါတယ်။ အရက်မသောက်ရဘူးလို့ မဆိုပါဘူး။ ဒါ့အပြင် သောက်ရမယ့် ပမာဏကိုပါ သတ်မှတ်ထားတယ်။ ဝိုင်အနီဆိုရင် နေ့စဉ် ၅၀ မှ ၁ဝဝစီစီ၊ အရက်ဆိုရင် ၅ မှ ၁ဝစီစီ၊ ဘီယာဆိုရင် ၃ဝဝစီစီထက် မပိုစေနဲ့တဲ့။ ဝိုင်မသောက်နိုင်ဘူးလား..လွယ်ပါတယ်. စပျစ်သီးအနီကို ဝယ်စားပေါ့၊ ပြီးရင် အခွံပါစား၊ အခွဲမှာ ပါတဲ့ OPC ဓာတ်ကလူကို အကျိုးပြုတာ။
မောင်မောင်လှိုင်(အပ်စိုက်ကု)၏ ကျန်းကျန်းမာမာ အသက်(၁၀၀)စာအုပ်မှ ကောက်နှုတ်ချက်
Subscribe to:
Posts (Atom)