မင်္ဂလာပါခင်ဗျား..။ ဒီနေရာဟာ လိပ်ခေါင်းရောဂါ အကြောင်း ဗဟုသုတ မျှဝေရာ ဘလော့လေးပါ။ မိမိတို့အတွေ့အကြုံကို လာရောက်လည်ပတ်သူတွေ ဗဟုသုတရစေဖို့ မျှဝေချင်တယ်ဆိုရင် ..... ( koshweleik@gmail.com ) သို့ စာရေးသားပေးပို့နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်.။

မိတ်ဆွေ ...

မိတ်ဆွေ ...
သင်ဟာ .. အထိုင်များတဲ့သူ၊ ဟင်းသီးဟင်းရွက်ထက် အသားငါးကို အစားများတဲ့သူ၊ အစာကြမ်းထက် အစာနုကို အစားများတဲ့သူ၊ ဝမ်းချုပ်တတ်သူ၊ အိမ်သာတက်လျှင် အချိန်ကြာတတ်သူ၊ ကိုယ်လက်လှူပ်ရှားမှူ အားကစားနည်းသူ ဆိုရင်တော့ ...
မိတ်ဆွေမှာ လိပ်ခေါင်းရောဂါဖြစ်နိုင်ခြေ ရာနှူန်းပြည့်ရှိနေပါပြီ။
မိတ်ဆွေရဲ့ ဘဝ နေထိုင်စားသောက်မှူပုံစံကို မပြောင်းဘူးဆိုရင်တော့ ...
မကြာခင် လိပ်ခေါင်းရောဂါ ဖြစ်ပါတော့မယ်...
မိတ်ဆွေ ဒါတွေကို သင်သိပါရဲ့လား ...

လိပ်ခေါင်းရောဂါ

ပထမဆုံးသိထားသင့်တာက လိပ်ခေါင်းရောဂါဆိုတာ  ရောဂါမဟုတ်ပါဘူး။  အောက်ပုံမှာ ပြထားတဲ့အတိုင်းပါပဲ.. လူရဲ့စအိုအတွင်းနံရံမှာရှိတဲ့ သွေးပြန်ကြောတွေရောင်ရမ်းပြီး ဖေါင်းကားလာခြင်းပါပဲ.။

ဆေးပညာ အလိုအရ လူတိုင်းဟာ မွေးရာပါ လိပ်ခေါင်း (စအိုအတွင်းရှိ သွေးပြန်ကြောများ) ပါရှိလာပြီးသားပါ။ လူတစ်ဦးချင်းစီရဲ့ ဘဝနေထိုင် စားသောက်မှူပုံစံအပေါ်မူတည်ပြီး အဲဒီ သွေးပြန်ကြောတွေ သိသာထင်ရှားစွာ ဖေါင်ကြွရောင်ရမ်းလာသူနဲ့ ၊ မသိသာ မထင်ရှားတဲ့သူ ဆိုပြီး ကွဲပြားသွားပါတယ်။  အညစ်အကြေးစွန့်ချိန်မှာ ဒီသွေးပြန်ကြောတွေအပေါ်ကိုဖိနှိပ်မိပြီး မစင်နဲ့အတူအပြင်ကိုထွက်လာတတ်ပါတယ်။ အဲဒါကိုပဲ လိပ်ခေါင်းလို့ မြန်မာလို့ အမည်တပ်ထားပါတယ်။ အင်္ဂလိပ်လို hemorrhoids လို့ ခေါ်ပါတယ်။ နောက်ပြီး Piles လို့လည်း ခေါ်ပါတယ်။ ကျင်ကြီးစွန့် ချိန်မှာ အပြင်ကို ထွက်လာတာကတော့ သေးငယ်တဲ့ အသားတစ်လုံးလေးတွေ တစ်လုံးနှစ်လုံးဖြစ်တတ်သလို့ တစ်ချို့ကတော့ ခပ်ကြီးကြီး အသားတစ် တစ်ခုပဲဖြစ်တတ်ပါတယ်။ အရွယ်အစားနဲ့ အရေအတွက် တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။

ဒီလို သွေးပြန်ကြောတွေဟာ လူတိုင်းရဲ့ စအိုမှာ ပါရှိနေပြီး လူတိုင်းမှာ လိပ်ခေါင်းရောဂါ ဖြစ်နိုင်ခြေရှိပါတယ်။ မိမိကိုယ်တိုင်မသိဘဲ စအိုရဲ့အတွင်းမှာ သူ့ဘာသာ ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ သို့သော်လည်း စိုးရိမ်စရာ မရှိပါဘူး.. စောစောစီးစီးသိရရင် ကြိုတင်ကာကွယ်နိုင်ပါတယ်..။ ကာကွယ်ရန်နည်းလမ်းတွေကတော့ ဆေးစားလို့ပဲ ဖြစ်ဖြစ် .. ဘဝလူနေမှူပုံစံကို ပြောင်းလိုက်လို့ပဲ ဖြစ်ဖြစ် ကြိုတင်ကာကွယ်နိုင်ပါတယ်။ အနေအထိုင်အစားအသောက် မဆင်ခြင်ဘူးဆိုရင်တော့ အချိန်မရွေးပြန်ဖြစ်လာနိုင်ပါတယ်။

တစ်ကယ်လို့ မိမိမှာ ရှိနေတဲ့ လိပ်ခေါင်းဟာ အညစ်အကြေးစွန့်ချိန်မှာ အပြင်ကို ထွက်လာပြီး .. နောက်ဆုံးမှာ ပြန်ဝင်မသွားဘူးဆိုရင်တော့ ခွဲစိတ် ဖြတ်တောက်ရမယ့် အခြေအနေကို ရောက်နေပါပြီ။ မခွဲစိတ် မဖြတ်တောက်ရင် ဘာဖြစ်မလဲလို့ မေးစရာရှိပါတယ်။ အဖြေကတော့ ဘာမှ မဖြစ်ပါဘူး။ ဒီတိုင်းထားလဲရပါတယ်။ ဒါပေမယ့် အညစ်ကြေးစွန့်ပြီးတိုင်း ပြန်ပြီး သွင်းနေရမှာပါ။ ဒါပေမယ့် ပြန်ပြီးလည်း သွင်းလို့မရတော့ဘူး.. ကျင်းကြီးစွန့်တိုင်းလည်း သွေးနီနီရဲတွေ ပါနေတယ်ဆိုရင်တော့ အဲဒီအချိန်ဟာ မဖြစ်မနေ ခွဲစိတ်ရမယ် အခြေအနေရောက်နေပါပြီ။

ပုံ (၁)-စအိုဝရှိ ရောင်ရမ်းနေသောသွေးပြန်ကြောများ (လိပ်ခေါင်းများ)