မင်္ဂလာပါခင်ဗျား..။ ဒီနေရာဟာ လိပ်ခေါင်းရောဂါ အကြောင်း ဗဟုသုတ မျှဝေရာ ဘလော့လေးပါ။ မိမိတို့အတွေ့အကြုံကို လာရောက်လည်ပတ်သူတွေ ဗဟုသုတရစေဖို့ မျှဝေချင်တယ်ဆိုရင် ..... ( koshweleik@gmail.com ) သို့ စာရေးသားပေးပို့နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်.။

မိတ်ဆွေ ...

မိတ်ဆွေ ...
သင်ဟာ .. အထိုင်များတဲ့သူ၊ ဟင်းသီးဟင်းရွက်ထက် အသားငါးကို အစားများတဲ့သူ၊ အစာကြမ်းထက် အစာနုကို အစားများတဲ့သူ၊ ဝမ်းချုပ်တတ်သူ၊ အိမ်သာတက်လျှင် အချိန်ကြာတတ်သူ၊ ကိုယ်လက်လှူပ်ရှားမှူ အားကစားနည်းသူ ဆိုရင်တော့ ...
မိတ်ဆွေမှာ လိပ်ခေါင်းရောဂါဖြစ်နိုင်ခြေ ရာနှူန်းပြည့်ရှိနေပါပြီ။
မိတ်ဆွေရဲ့ ဘဝ နေထိုင်စားသောက်မှူပုံစံကို မပြောင်းဘူးဆိုရင်တော့ ...
မကြာခင် လိပ်ခေါင်းရောဂါ ဖြစ်ပါတော့မယ်...
မိတ်ဆွေ ဒါတွေကို သင်သိပါရဲ့လား ...

ကုသနည်းများ


    လိပ်ခေါင်းကို ကုသရာမှာ အခြေနေကို လိုက်ပြီး သင့်တော်သလို့ မိမိဘာသာ အိမ်မှာ ကုသနိုင်တဲ့ နညး်လမ်းတွေ ရှိပါတယ်။ လိပ်ခေါင်းစဖြစ်ခါစ အခြေအနေမှာဆိုရင် အောက်ပါနည်းလမ်းတွေက အထောက်ကူဖြစ်စေနိုင်ပါတယ်။



    ရေနွေးစိမ်ခြင်း (Sitz Bath)

    လူထိုင်ဖို့ သင့်တော်တဲ့ အရွယ်စားရှိတဲ့ ရေဇလားထဲ့ကို ရေနွေးထည့်ပါ၊၊ မပူလွန်း၊ မအေးလွန်း လူထိုင်နိုင်ရုံ အနေတော်ဖြစ်ရပါမယ်.။ ပြီးရင် ဇလားထဲမှာ ထိုင်ပြီး စအိုဝကို ရေစိမ်ရပါမယ်။ တစ်ကြိမ်ကို ၁၅မိနစ်ခန့်ကြာကြာ နဲ့ တစ်နေ့ ၃ကြိမ်ခန့် ပြုလုပ်ရပါမယ်။



    ဖိုင်ဘာများများစားသုံးခြင်း (Dietary Fiber)

    နေ့စဉ်စားတဲ့ အစားတွေထဲမှာ ဖိုင်ဘာပါဝင်နှန်းများတဲ့ အသီးအရွက်တွေကို ရွေးချယ်စားသောက်ရပါမယ်။ ဥပမာ.. ပန်းသီး၊လိမ္မော်သီး၊ ကန်စွန်းရွက်၊ ပဲပင်ပေါက်.. စသည်တို့ပါပဲ။ အဲဒီလိုမှ မစားနိုင်ဘူးဆိုရင် လည်း ဖိုင်ဘာဆေးပြား (Fiber Supplement)တွေကို စားနိုင်ပါတယ်။



    ဝမ်းပျော့ဆေးစားခြင်း (Using stool softeners)

    ဝမ်းပျော့ဆေးစားခြင်းဟာ ဝမ်းသွားရ လွယ်ကူပြီး၊ ဝမ်းမာကျစ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဒါပေမယ့် ဒီဆေးတွေဟာ ရေရှည်သုံးစွဲမယ်ဆိုရင် အခြား ဘေးထွက်ဆိုးကြိုးတွေ ဝင်လာတတ်ပါတယ်။ သတိနဲ့ သုံးစွဲသင့်ပါတယ်။



    ပေါ့ပါးသောလေ့ကျင့်ခန်းများပြုလုပ်ခြင်း (Gentle Exercises)

    အလေးမခြင်းကဲ့သို့သော ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုံးဝမလုပ်ရပါဘူး။ လမ်းလျှောက်ခြင်း၊ အနှေးပြေးခြင်း နဲ့ ရေကူးခြင်းတို့ဟာ သင့်တော်တဲ့ အားကစားတွေပါ။



    လိမ်းဆေးအသုံးပြုခြင်း (witch hazel)

    သွေးကြောတွေကို ရှုံ့သွားစေနိုင်တဲ့ (witch hazel)ပါဝင်တဲ့ လိမ်းဆေးကို အသုံးပြုခြင်းပါပဲ။



    ဒီနည်းလမ်းတွေက လိပ်ခေါင်းဖြစ်ခါစသူတွေ အတွက်သာ အသုံးဝင်ပြီး.. သက်တမ်းရင့်နေတဲ့ လိပ်ခေါင်းတွေအတွက် ထိရောက်ပြီး အသုံးများတဲ့ ကုသနည်းတွေကို အောက်မှာ ဖေါ်ပြထားပါတယ်.။



    (၁) သရေကွင်းစီးခြင်း (Rubber Band Ligation)

    ဒီနည်းလမ်းက အဆင့်(၂) အခြေအနေရောက်နေပြီး အသေးစားနဲ့ အလတ်စားဖြစ်တဲ့ အတွင်းလိပ်ခေါင်းသမားတွေ အတွက် သင့်တော်ပါတယ်။ ဒီနည်းလမ်းကို သားရေကွင်း ပစ်တယ် လို့လည်း ခေါ်ကြပါသေးတယ်။ စအိုအတွင်းမှာ တွဲလောင်းကျနေတဲ့ လိပ်ခေါင်းကို သားရေကွင်း(ရာဘာကွင်း)နဲ့ စီးပြီး လိပ်ခေါင်းဆီကို သွားတဲ့ သွေးကြောတွေကို  ဖြတ်တောက်ပြစ်လိုက်တာပါပဲ။ သားရေကွင်းစီးထားစဉ် ပထမ ၁ ရက်၊ ၂ ရက်ခန့် နာကျင်မှူကို ခံစားနေရတတ်ပါတယ်။ နာကျင်မှူ သက်သာစေဖို့ အကိုက်အခဲ ပျောက်ဆေးတွေ စားနိုင်ပါတယ်။ အထက်မှာ ဖေါ်ပြခဲ့သလို ရေနွေးစိမ်ခြင်း (Sitz Bath) ကို တစ်နေ့ကို ၃ကြိမ်နဲ့ တစ်ကြိမ်ကို ၁၅မိနစ်ခန့် ပြုလုပ်ရင် နာကျင်မှူကို သက်သာစေနိုင်ပါတယ်။

    ပုံမှန် အားဖြင့် လိပ်ခေါင်းဟာ ၇ ရက်ခန့်အတွင်းမှာ ရှူံ့တွပြီး ကြွေကျ သွားတတ်ပါတယ်။  ကြွေကျသွားပြီးတဲ့နောက်မှာ သွေးယိုနေတတ်ပါတယ်။ စိတ်မပူရပါဘူး။ အချိန်တန်ရင် သူ့အလိုလို ရပ်သွားမှာပါ။



    ဒါပေမယ့် အတွင်းလိပ်ခေါင်းက သားရေကွင်းစီးဖို့ အရမ်းသေးငယ်နေမယ်၊ သို့မဟုတ် အရမ်းကြီးနေမယ်ဆိုရင် ဒီနည်းလမ်းနဲ့ ကုသလို့ မဖြစ်နိုင်ပါဘူး။








    ပုံ(၂)-သားရေကွင်း(ရာဘာကွင်းစီး)ခြင်း



    (၂) ဆေးထိုးခြင်း (Injection Sclerotherapy)

    ဒီနည်းလမ်းက အဆင့်(၂) အခြေအနေရောက်နေပြီး အသေးစားဖြစ်တဲ့ အတွင်းလိပ်သမားတွေနဲ့ သင့်တော်ပါတယ်။ စအိုအတွင်းနံရံမှာ တွဲလောင်းကျနေတဲ့ လိပ်ခေါင်းရဲ့ အခြေမှာ ရှိတဲ့ သွေးကြောတွေခဲပြီး ပိတ်သွားစေဖို့ ဆေးထိုးပေးလိုက်တဲ့ နည်းလမ်းပါ။ တဖြည်းဖြည်းနဲ့ သွေးကြောတွေ ပြတ်တောက်သွားပြီး လိပ်ခေါင်းလည်း ကြွေကျလာပါတယ်။ ဝမ်းသွားစဉ်မှာ ပါသွားမှာပါ။ လိပ်ခေါင်းပြုတ်ထွက်သွားတဲ့ နေရာက နာကျင်မှူရှိနိုင်ပါတယ်၊ သွေးယိုနိုင်ပါတယ်။ နာကျင်မှူ သက်သာစေဖို့ အကိုက်အခဲ ပျောက်ဆေးတွေ စားနိုင်ပါတယ်။ အထက်မှာ ဖေါ်ပြခဲ့သလို ရေနွေးစိမ်ခြင်း (Sitz Bath) ကို တစ်နေ့ကို ၃ကြိမ်နဲ့၊ တစ်ကြိမ်ကို ၁၅မိနစ်ခန့် ပြုလုပ်ရင် နာကျင်မှူကို သက်သာစေနိုင်ပါတယ်။ နောက်ဆုံးမှာ လိပ်ခေါင်းပြုတ်ကျသွားတဲ့  နေရာမှာ အမာရွတ်ထင်ကျန်ခဲ့ပါမယ်။



    (၃) ခွဲစိတ်ကုသခြင်း (Hemorrhoidectomy)

    အတွင်းလိပ်ပဲဖြစ်ဖြစ်၊ အပြင်လိပ်ပဲ ဖြစ်ဖြစ် အညစ်အကြေးစွန့်ပြီးချိန်မှာ ပြန်ဝင်မသွားဘူး၊ လက်နဲ့ဖိပြီး ပြန်သွင်းလည်း မဝင်တော့ဘူးဆိုရင်တော့ ခွဲစိတ်ကုသရမယ့် အခြေအနေ၊ တနည်းအားဖြင့် ခွဲစိတ်ဖြတ်တောက်ရမယ် အခြေအနေကို ရောက်နေပါပြီ။ ခွဲစိတ်တဲ့ နည်းလမ်းတွေ အများကြီး ရှိပေမယ့် ဒီနေ့ရာမှာ Stapled Hemorrhoidectomy ဆိုတဲ့ နည်းလမ်းကို ဖေါ်ပြသွားပါမယ်။ ဒီနည်းလမ်းက နောက်ဆုံးပေါ်နည်းလမ်းဖြစ်ပြီး ခွဲစိတ်မှူမြန်ဆန်ခြင်း၊ နာကျင်မှူသက်သာခြင်းစတဲ့ အားသာချက်တွေရှိပါတယ်။ မူလ ခွဲစိတ်နည်းတွေက အရမ်းနာကျင်မှူကို ရက်ပေါင်းများစွာ ခံစားရတတ်ပါတယ်။ အခု ဖေါ်ပြမယ့် နည်းလမ်းကတော့ ခွဲစိတ်ချိန်တိုတောင်းပြီး မိနစ် ၃၀ ခန့်သာ ကြာပါတယ်၊။ ခွဲစိတ်ပြီးရင်လည်း ခွဲစိတ်ခန်းမှာ နာရီအနည်းငယ် နေပြီး အိမ်ပြန်နိုင်ပါပြီ။ သာမန်ခွဲစိတ်နည်းတွေထက် စာရင် ဒီနည်းလမ်းက နာကျင်မှူ အနည်းငယ်သာ ရှိပါတယ်။ ခွဲစိတ်ပြီးခါစမှာ ဆီးသွားရန် အခက်အခဲ ဖြစ်တတ်ပါတယ်။



    Stapled Hemorrhoidectomy ၏ ခွဲစိတ်နည်း အဆင့်ဆင့်

     လူနာကို မေ့ဆေးပေးပြီး ခွဲစိတ်ကုတင်ပေါ်မှာ မှောက်လျက်နေအထား (prone position) နဲ့ ပြင်ထားပါတယ်။

    အောက်မှာပြထားတဲ့ ပုံ(၃)မှာ မခွဲစိတ်ခင်မှာ လျော့ရဲပြီး တွဲကျနေတဲ့လိပ်ခေါင်းကိုတွေ့မြင်နိုင်ပါတယ်။





    ပုံ(၃)-မခွဲစိတ်မီ တွေ့ရသော လိပ်ခေါင်း



    အဆင့်(၁)- Dilator လို့ခေါ်တဲ့ ကိရိယာလေးကို စအိုထဲထည့်ပြီး လျော့ရဲနေတဲ့ တစ်လျှူးစတွေကို အပေါ်ကို တွင်းတင်ပါတယ်။ အောက်မှာပြထားတဲ့ ပုံ(၄)ကို ကြည့်ပါ။





    ပုံ(၄)- ခွဲစိတ်မှူ အဆင့်(၁)



    အဆင့်(၂)- ၄င်း ပြွန်ဝမှ တဆင့် လိပ်ခေါင်းရဲ့  အထက်မှာ ရှိတဲ့ လျော့ရဲနေတဲ့ တစ်လျှူးစတွေကို သေးငယ်တဲ့ ချည်မျှင်နဲ့ ဆွဲချုပ်ယူပါတယ်။ အောက်မှာပြထားတဲ့ ပုံ(၅)ကို ကြည့်ပါ။





    ပုံ(၅)- ခွဲစိတ်မှူ အဆင့်(၂)



     အဆင့်(၃)- လျော့ရဲနေတဲ့ တစ်လျှူးစတွေကို သေးငယ်တဲ့ ချည်မျှင်နဲ့ ဆွဲယူပြီးတဲ့နောက် ပြွန်ဝမှ တဆင့် လိပ်ခေါင်းဖြတ်ခြင်း၊ သွေးကြောများကို ချုပ်၍ပိတ်ခြင်းတို့ကို ပြုလုပ်ပေးသည့် Hemorrhoid Stapler ကို စအိုအတွင်း ထည့်သွင်းသည်။ ထို့နောက် ၄င်း Hemorrhoid Stapler ကို ဆွဲယူပိတ်လိုက်ခြင်းဖြင့် Circular Knife က လိပ်ခေါင်းကို ဖြတ်လိုက်ပြီး သွေးကြောများကို Staplers များဖြင့် တစ်ပြိုုင်တည်း ချုပ်၍ ပိတ်လိုက်သည်။ သီတင်းပတ် အနည်းငယ် ကြာသော အခါ ၄င်း Staplers များသည် ဝမ်းသွားစဉ် အညစ်အကြေးနှင့် အတူ ပါသွားသည်။ အောက်မှာပြထားတဲ့ ပုံ(၆)ကို ကြည့်ပါ။





    ပုံ(၆)- ခွဲစိတ်မှူ အဆင့်(၃)













     အဆင့်(၄)- အောက်က ပုံ(၇)မှာ မြင်တွေ့ရတဲ့ အတိုင်းပါပဲ။ လျော့ရဲနေတဲ့ တစ်လျှူးစတွေကိုဖြတ်ပြစ်လိုက်ပြီး သွေးကြောတွေကို Staplers နဲ့ချုပ်ပြီး ပိတ်လိုက်တဲ့ အရစ်ကြောင်းလေးကို တွေ့မြင်နိုင်ပါတယ်။ ခွဲစိတ်မှူ ပြီးပါပြီ။





    ပုံ(၇)- ခွဲစိတ်မှူ အဆင့်(၄)



     ခွဲစိတ်ပြီးနောက်ပိုင်းမှာ မေ့ဆေးပေးရာနေ နိုးလာပြီး ဆီးသွားချင်သလိုလို၊ ဝမး်သွားချင်သလို ခံစားရပါတယ်။ တကယ်မဟုတ်ပါဘူး။ ခွဲစိတ်ဒဏ်ရာကြောင့် အဲဒီလို စိ်တ်ကထင်နေတာပါ။ နောက်ထပ် ခွဲစိတ်ခန်းမှာ ၃နာရီခန့် အနားယူပြီး ဆီးသွားနိုင်ပြီဆိုရင် အိမ်ပြန်နိုင်ပါပြီ။ ဆီးသွားဖို့ အခက်အခဲ ရှိတယ်၊ ဘယ်လိုမှ ဆီးကို မထုတ်နိုင်ဘူး ဆိုရင်တော့ ဆီးပိုက်တပ်ပြီး တင်းနေတဲ့ ဆီးတွေကို ထုတ်ပစ်ရပါမယ်။ ခွဲစိတ်ဒဏ်ရာကြောင့် ဆီးအိမ်က အာရုံကြောတွေ ထုံထိုင်းပြီး ဆီးမသွားနိုင်ခြင်းပါ။

    နောက်ပိုင်းမှာ ဒဏ်ရာ သက်သာလာတာနဲ့အမျှ ဆီးသွားရ လွယ်ကူလာမှာပါ။ ဆီးသွားရ လွယ်ကူဖို့  ရေနွေးစိမ်ခြင်း (Sitz Bath)၊  ရေနွေးဖြင့် ရေချိုးခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။



    အခုဖေါ်ပြခဲ့တဲ့ နည်းတွေက လူသိများပြီး၊ အသုံးများတဲ့ ခွဲစိတ်နည်းလမ်းတွေပါပဲ။ မိမိမှာရှိတဲ့ လိပ်ခေါင်းရဲ့ အခြေအနေကို လိုက်ပြီး ဆရာဝန်က မိမိနဲ့ သင့်တော်တဲ့ အခြားကုသရန် နည်းလမ်းတွေကိုလည်း အကြံပြုနိုင်ပါတယ်။